အဲလုအကယ်ဒမီကျောင်း၏ပညာရေး -အင်္ဂါရပ် ၄ ခု-

ဘာသာစကားစွမ်းရည်လေးမျိုးလုံးတွင် ဆက်သွယ်ပြောဆိုနိုင်စွမ်းများ တိုးတက်ကောင်းမွန်လာစေရန် အဓိကထားသည့် ကောင်းမွန်ပြီး ဟန်ချက်ညီသော သင်ရိုးညွှန်းတမ်း။

ကျွန်ုပ်တို့၏ သင်ရိုးညွှန်းတမ်းသည် သဒ္ဒါနှင့် ဝေါဟာရများကို မှတ်မိစေရုံထက်သာမက ကျောင်းသားများသည် ၎င်းတို့ကို အမှန်တကယ် ထိရောက်စွာ အသုံးပြုနိုင်စေရန်အတွက် ရည်ရွယ်ပါသည်။ အဓိကသင်ရိုးစာအုပ်အပေါ် အခြေခံ၍ ကျောင်းသား များသည် သင်ယူမှုအကြောင်းအရာနှင့် ဆက်စပ်သော အကြောင်းအရာများမှတစ်ဆင့် ၎င်းတို့၏ ခံစားချက်များကို ဖော်ပြနိုင်ရန်၊ ရင်းနှီးသောအကြောင်းအရာများ၊ နေ့စဉ်ဘဝအကြောင်းအရာများ ဆက်သွယ်ပြောဆိုနိုင်စေရန်အတွက် စကားပြောဆိုမှုနှင့် စာစီစာကုံးသင်ခန်းစာများကိုလည်း ထည့်သွင်းရေးဆွဲထားပါသည်။ ထို့ပြင် နားထောင်မှုစွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကျောင်းသားများသည် သင်ထောက်ကူပစ္စည်းများကို အသုံးပြု၍ နားထောင်ခြင်းလေ့ကျင့်ခန်းအပြင်၊ သင်ရိုးညွှန်းတမ်းတွင် နားထောင်ခြင်းမှတစ်ဆင့် အကြောင်းအရာများကို ပိုင်းခြားနားလည်နိုင်ရန် လေ့ကျင့်ခြင်းနှင့် အသံထွက်ရွတ်ဆိုလေ့ကျင့်ခြင်း များလည်း ပါဝင်ပြီး ကျွမ်းကျင်မှုလေးခုလုံးကို ပြည့်စုံစွာ ဖွံ့ဖြိုးတိုးတက်စေပါသည်။

ကျောင်းသားများအနေဖြင့် ဂျပန်ဘာသာစကားကိုသာမက ဂျပန်ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများကိုပါ နားလည်စေရန် ရည်ရွယ်၍ ထုတ်ဝေထားသော သင်ရိုးညွှန်းတမ်း

ကျွန်ုပ်တို့၏ သင်ခန်းစာများတွင် အဓိကသင်ရိုးညွှန်းတမ်းစာအုပ်ပါ အကြောင်းအရာများနှင့်အတူ ဂျပန်ယဉ်ကျေးမှု မိတ်ဆက်ခြင်းနှင့် အတွေ့အကြုံများကို ပေါင်းစပ်ထားပါသည်။ အတန်းတိုင်းတွင် ရာသီအလိုက် လက်တွေ့သင်တန်းများ၊ ကွင်းဆင်းလေ့လာရေးခရီးများနှင့် ဂျပန်ယဉ်ကျေးမှုလက်တွေ့သင်တန်းများ ပါဝင်ပါသည်။ ဒေသခံပွဲများနှင့် စေတနာ့ ဝန်ထမ်းလှုပ်ရှားမှုများတွင်ပါဝင်ခြင်းဖြင့် ကျောင်းသားများအတွက် ဂျပန်လူမျိုးများနှင့်အပြန်အလှန် ဆက်ဆံမှုကောင်းမွန်စေရေး အတွက် အခွင့်အလမ်းများစွာ ပံ့ပိုးပေးရန် စီစဉ်ထားလျက်ရှိပါသည်။ ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ လှုပ်ရှားမှုအမျိုးမျိုးမှ တစ်ဆင့် ဂျပန်လူမျိုးတို့၏ အတွေးအခေါ်များကို တွေ့ကြုံခံစားစေခြင်းဖြင့် ကျောင်းသားများ၏ ဂျပန်အပေါ် နားလည်မှုကို နက်ရှိုင်းစေရန်ဖြစ်သည်။

သင်ယူမှုရလဒ်များ တိုးတက်ကောင်းမွန်စေရန်အတွက် တက်ကြွစွာ သင်ယူမှုကို အကောင်အထည်ဖော်ခြင်း

ကျွန်ုပ်တို့သည် သင်ရိုးညွှန်းတမ်းများကို အခြေခံမှ အဆင့်မြင့်အထိ အဆင့်အားလုံးတွင် တက်ကြွစွာ သင်ယူနိုင်စေရန် စနစ်တကျ ထည့်သွင်းရေးဆွဲထားပါသည်။ ဟောပြောပွဲများကို နားထောင်ခြင်းအပြင် သင်ကြားထားသည့်အတိုင်း ပြန်လည် ပြောဆိုခြင်းကဲ့သို့သော သင်ယူမှုနည်းလမ်းများအပြင် ကျောင်းသားများကိုယ်တိုင် လွတ်လပ်စွာ တွေးခေါ်သင်ယူနိုင်ရန်၊ အခြားသူများနှင့် အမြင်များနှီးနှောဖလှယ်နိုင်ရန်နှင့် ၎င်းတို့၏ ကိုယ်ပိုင်အတွေးအခေါ်များကို ထုတ်ဖော်ပြသနိုင်ရန် ရည်ရွယ်၍ ထည့်သွင်းရေးသားထားပါသည်။ သင်တန်းတစ်လျှောက်လုံးတွင် အဖွဲ့လိုက် ဆွေးနွေးမှုများ၊ မိန့်ခွန်းများနှင့် တင်ဆက်မှု များကဲ့သို့သော လှုပ်ရှားမှုများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။

ကျောင်းသားတစ်ဦးချင်းစီ၏ လိုအပ်ချက်များနှင့် ကိုက်ညီပြည့်စုံသော ပညာရေးဆိုင်ရာ လမ်းညွှန်မှုနှင့် ပံ့ပိုးမှု

ကျွန်ုပ်တို့၏ကျောင်းသည် ကျောင်းသားတစ်ဦးချင်းစီအား အသေးစိတ်ပံ့ပိုးမှုပေးရန်အတွက် အတန်းပိုင်ဆရာစနစ်ကို ကျင့်သုံး လျက်ရှိပါသည်။ အတန်းပိုင်ဆရာများသည် စာသင်ချိန်အတွင်း ကျောင်းသားတစ်ဦးချင်းစီ အင်တာဗျူးများ ပြုလုပ်ပြီး တစ်ဦးချင်းစီ၏ ပညာရေးနှင့် နေ့စဉ်နေထိုင်မှုများအတွက် အကြံဉာဏ်ပေးခြင်းနှင့် လမ်းညွှန်မှုများကို ပံ့ပိုးပေးလျက်ရှိပါသည်။ ထို့အပြင် ကျွန်ုပ်တို့၏ အတွေ့အကြုံရှိသော ပညာရေးဆိုင်ရာ လမ်းညွှန်အကြံပေးများသည် ကျောင်းသားများ၏ ရည်မှန်းချက်များ၊ အရည်အချင်းများနှင့်ကိုက်ညီသော ကျောင်းတစ်ကျောင်းကို ရှာဖွေပြီး ထိုလမ်းကြောင်းအပေါ် လျှောက်လှမ်း နိုင်ရန်အတွက် ကျောင်းရှာဖွေခြင်းမှသည် ဝင်ခွင့်စာမေးပွဲများအတွက် ပြင်ဆင်ခြင်းအထိ ပြည့်စုံစွာ ပံ့ပိုးပေးလျက်ရှိပါသည်။

သင်ယူမှုရည်မှန်းချက်များ

အဆင့် ပန်းတိုင် ကာလ ယူနစ်အချိန်
အခြေခံ JLPT N5 ဒုတိယအပိုင်းမှ N4 အဆင့်အထိ ကျွမ်းကျင်မှုလေးခုကို သင်ယူနိုင်မည်ဖြစ်ပြီး နေ့စဉ်ဘဝအတွက် လိုအပ်သော အခြေခံဂျပန်စကားများကို နားလည်နိုင်မည်ဖြစ်ပါသည်။ လေ့လာသင်ယူထားသော ဂျပန်စကားများကို အသုံးပြု၍ ရင်းနှီး ကျွမ်းဝင်သောအကြောင်းအရာများနှင့်စပ်လျဉ်း၍ နားထောင်ခြင်း၊ တုံ့ပြန်ခြင်းနှင့် မိမိ၏ရည်ရွယ်ချက်များကို ဖော်ပြခြင်းဖြင့် ဆက်သွယ်ပြောဆိုနိုင်မည်ဖြစ်သည်။ (၆) လကြာ ၃၈၀
ယူနစ်အချိန်
အခြေခံ-အလယ်အလတ် JLPT N3 အဆင့် ဝေါဟာရ၊ ခန်းဂျီးနဲ့ သဒ္ဒါပိုင်းများကို သင်ယူနိုင်မည်ဖြစ်ပါသည်။ စာအမျိုးမျိုးကို ဖတ်ရှုနိုင်ရန်နှင့် အထွေထွေ သို့မဟုတ် အကျဉ်းချုပ်ခေါင်းစဉ်များအပေါ် မိမိ၏ အမြင်များကို ဖော်ပြနိုင်ရန် ရည်ရွယ်ပါသည်။ ပုံမှန်နှုန်းဖြင့် ပြောဆိုသော ဂျပန်ဘာသာစကားကို အတိုင်းအတာတစ်ခုအထိ နားလည်နိုင်မည်ဖြစ်ပါသည်။ (၆) လကြာ ၃၈၀
ယူနစ်အချိန်
အလယ်အလတ် ကျောင်းသားများသည် JLPT N2 အဆင့် ဝေါဟာရ၊ ခန်းဂျီးနှင့် သဒ္ဒါပိုင်းများကို သင်ယူရမည်ဖြစ်ပြီး နောက်ထပ်ပညာရေး အတွက် ပြင်ဆင်မှုအနေဖြင့် ၎င်းတို့၏ ဂျပန်စာကျွမ်းကျင်မှုကို မြှင့်တင်ပေးမည်ဖြစ်သည်။ အကြောင်းအရာအမျိုးမျိုးနှင့် စပ်လျဉ်းသည့်သတင်းစာဆောင်းပါးများနှင့် အခြားစာသားများကို ဖတ်ရှုခြင်းဖြင့် ကျောင်းသားများသည် ပတ်ဝန်းကျင်ရှိ လူမှုရေးနှင့် ကမ္ဘာလုံးဆိုင်ရာအကြောင်းအရာများနှင့်ဆက်စပ်သည့် အသိပညာဗဟုသုတများ တိုးပွားစေမည်ဖြစ်ပြီး ၎င်းတို့၏ ကိုယ်ပိုင်အတွေးများကို ရှင်းပြနိုင်မည်ဖြစ်ပြီး အခြားသူများနှင့်လည်း အမြင်များ ဖလှယ်နိုင်မည်ဖြစ်သည်။ (၆) လကြာ ၃၈၀
ယူနစ်အချိန်
အဆင့်မြင့် ကျောင်းသားများသည် JLPT N1 အဆင့် ဝေါဟာရ၊ ခန်းဂျီးနှင့် သဒ္ဒါပိုင်းများကို သင်ယူရမည်ဖြစ်ပြီး တက္ကသိုလ်များနှင့် အခြား အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများတွင် အတန်းများနှင့် တင်ဆက်မှုများအတွက် လိုအပ်သော လက်တွေ့ကျသော ဂျပန်ဘာသာ စကားစွမ်းရည်များကို ရရှိမည်ဖြစ်သည်။ ယဉ်ကျေးမှု၊ အတွေးအခေါ်များ မတူညီသောသူများနှင့် တန်းတူဆက်ဆံနိုင်ရန်၊ မိမိ၏ အတွေးအမြင်များကို ကျိုးကြောင်းဆီလျော်စွာ ဖော်ပြနိုင်စေရန်နှင့် သတင်းအချက်အလက်နှင့် ထင်မြင်ယူဆချက်များကို ဖလှယ်နိုင်စေရန် ရည်ရွယ်ပါသည်။ (၆) လကြာ ၃၈၀
ယူနစ်အချိန်
တစ်နှစ်တွင် စုစုပေါင်းကြာချိန် (၁၂) လကြာ
(၃၈) ပတ်
၇၆၀
ယူနစ်အချိန်
(၂၀၀ ရက်)
သင်တန်းမိတ်ဆက်ခြင်း(၂ နှစ်သင်တန်းအတွက်) (၂၄) လကြာ
(၇၆) ပတ်
၁၅၂၀
ယူနစ်အချိန်
(၄၀၀ ရက်)