ဂျပန်နိုင်ငံတွင် နေထိုင်မှုအတွက် သိထားသင့်သောအချက်များ
အချိန်ပိုင်းအလုပ် (နေထိုင်ခွင့်အခြေအနေအတိုင်းအတာပြင်ပရှိ လုပ်ဆောင်ချက်များနှင့်စပ်လျဉ်း၍)
နိုင်ငံခြားပညာသင်ကျောင်းသားများသည် ၎င်းတို့၏ နေထိုင်ခွင့်အခြေအနေအရ ခွင့်ပြုထားသည့်အရာများမှအပ အခြားလှုပ်ရှားမှု များတွင် ပါဝင်ဆောင်ရွက်ရန် ဂျပန်နိုင်ငံလူဝင်မှုကြီးကြပ်ရေးဗျူရိုတွင် ခွင့်ပြုချက်လျှောက်ထားနိုင်ပြီး ခွင့်ပြုချက်ရရှိပါက အချိန်ပိုင်းအလုပ် တစ်ပတ်လျှင် ၂၈ နာရီအထိ (ရုံးပိတ်ရက်ရှည်များတွင် ၄၀ နာရီအထိ) လုပ်နိုင်သည်။
အချိန်ပိုင်းအလုပ်လုပ်ခြင်းသည် နိုင်ငံခြားပညာသင်ကျောင်းသားတစ်ဦးအနေဖြင့် ဘဝတည်ငြိမ်စေရန်အတွက်သာမက ဂျပန်နိုင်ငံ လူနေမှုပတ်ဝန်းကျင်နှင့်ရင်းနှီးလာစေရန်နှင့် သင်ယူခဲ့ပြီးသော ဂျပန်ဘာသာစကားကို လက်တွေ့အသုံးချနိုင်ရန်အတွက် အထောက်အကူဖြစ်စေပါသည်။ သို့သော် ဤလုပ်ဆောင်ချက်များသည် လူဝင်မှုကြီးကြပ်ရေးထိန်းချုပ်ရေးဥပဒေအရ သတ်မှတ် ထားသော အတိုင်းအတာအတွင်း ရှိရမည်ဖြစ်ပြီး စာသင်ချိန်များ သို့မဟုတ် ဂျပန်ဘာသာစကားသင်ယူလေ့လာမှုကို အနှောင့်အယှက် မဖြစ်စေရပါ။
ကျွန်ုပ်တို့၏ကျောင်းသည် ကျောင်းသားအားလုံး၏ ဆန္ဒနှင့် ဂျပန်ဘာသာစကားစွမ်းရည်နှင့် ကိုက်ညီသော အချိန်ပိုင်းအလုပ် များကို ယုံကြည်စိတ်ချရသော အလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် မိတ်ဆက်ပေးပါသည်။ ထို့ပြင် အင်တာဗျူးပြင်ဆင်မှု သင်တန်းများကိုလည်း ဆောင်ရွက်လျက်ရှိသောကြောင့် အချိန်ပိုင်းအလုပ်ရှာဖွေနေပါက ဤအခွင့်အလမ်းများကို ရယူအသုံးပြုပါ။
[မှတ်ချက်] အချိန်ပိုင်းအလုပ်လုပ်ခြင်း (နေထိုင်ခွင့်ပြင်ပရှိ လှုပ်ရှားမှုများ) ကို တားမြစ်ထားခြင်း
နိုင်ငံခြားပညာသင်ကျောင်းသားများသည် တစ်ပတ်လျှင် ၂၈ နာရီ (ရုံးပိတ်ရက်ရှည်များတွင် တစ်ပတ်လျှင် ၄၀ နာရီ) ထက်ပို၍ အချိန်ပိုင်းအလုပ်လုပ်ခွင့်မပြုပါ။
နိုင်ငံခြားပညာသင်ကျောင်းသားများသည် အရွယ်ရောက်ပြီးသူဖျော်ဖြေရေးလုပ်ငန်း သို့မဟုတ် ကျောင်းမှ သင့်လျော်မှုမရှိ ဟု ယူဆသော အဆောက်အအုံ(အဖွဲ့အစည်းများ)တွင် အလုပ်လုပ်ကိုင်ခြင်းအား တားမြစ်ထားသည်။

ငွေကြေးစီမံခန့်ခွဲမှု

ဘဏ်အကောင့်တစ်ခုတွင် သင့်ငွေကို စီမံခန့်ခွဲပါ။ ဂျပန်နိုင်ငံရှိ ကွန်ဗီနီးရန့်စတိုးဆိုင်များတွင် ATM စက်များ ထားရှိသောကြောင့် နိုင်ငံတစ်ဝှမ်းရှိ မည်သည့်နေရာတွင်မဆို ငွေသွင်းငွေထုတ်ရန် အလွန်အဆင်ပြေပါသည်။ ကျောင်းဝန်ထမ်းတစ်ဦးသည် သင်ဂျပန်နိုင်ငံသို့ ရောက်ရှိပြီး မကြာမီတွင် ဘဏ်အကောင့်တစ်ခုဖွင့်လှစ်ရန် လိုက်ပို့ပေးမည် ဖြစ်သောကြောင့် ယုံကြည်စိတ်ချပါ။ လိုအပ်သောအချက်အလက်များမှာ သင်၏ နေထိုင်ခွင့်ကတ်၊ တံဆိပ်တုံးနှင့် နိုင်ငံကူး လက်မှတ်(ပတ်စပို့)သာ ဖြစ်ပါသည်။
သင့်ပစ္စည်း၊ အခြားသူများ၏ပစ္စည်း

သင့်ပစ္စည်းမဟုတ်သော မည်သည့်ပစ္စည်းမဆို အခြားသူများပိုင်ပစ္စည်းဖြစ်သောကြောင့် ခွင့်ပြုချက်မရှိဘဲ အသုံးမပြုပါနှင့်။ ထို့အပြင် စတိုးဆိုင်မှ ငွေပေးချေခြင်းမပြုဘဲ တစ်စုံတစ်ခုကို ယူခြင်းသည် ဆိုင်မှခိုးယူမှုဟုခေါ်သော ရာဇဝတ်မှုတစ်ခုဖြစ်သည်။
အများပြည်သူသုံးပစ္စည်းများကို လူတိုင်းအသုံးပြုရန် ဖြစ်သဖြင့် ၎င်းတို့ကို ဂရုတစိုက်အသုံးပြုပါ။ ထို့အပြင် ပိုက်ဆံအိတ် ကဲ့သို့သော ကျပျောက်ပစ္စည်းတစ်စုံတစ်ခုကို သင်တွေ့ရှိပါက ရဲထံ အကြောင်းကြားရမည်။
အများပြည်သူသယ်ယူပို့ဆောင်ရေး

JR ၊ နိရှိတက်စွတ်၊ ဘတ်စ်ကားများစသည်တို့တွင် လက်မှတ် မဝယ်ယူဘဲ အလိုအလျောက် လက်မှတ်ဂိတ်တွင် ကတ်များ ကိုင်ဆောင်ထားရုံဖြင့်သာ တက်နိုင်၊ ဆင်းနိုင် သို့မဟုတ် ပြောင်းစီးနိုင်သည့် ကတ်များရှိပါသည်။ JR လိုင်းများ၌ SUGOCA အမည်ဖြင့် နိရှိတက်စွတ်နှင့် ဘတ်စ်ကားများ၌ nimoca အမည်ဖြင့် ရောင်းချလျက်ရှိပါသည်။
မဖြစ်မနေလိုအပ်သော စက်ဘီးမှတ်ပုံတင်ခြင်း

ဂျပန်နိုင်ငံတွင် စက်ဘီးပိုင်ရှင်များနှင့် အသုံးပြုသူအားလုံးသည် ခိုးယူမှုမှ ကာကွယ်ရန်အတွက် ၎င်းတို့၏ စက်ဘီးများကို မှတ်ပုံတင်ရန် လိုအပ်ပါသည်။ ဤလုပ်ထုံးလုပ်နည်းကို သင် စက်ဘီးဝယ်ယူခဲ့သောစက်ဘီးဆိုင်တွင် ပြီးမြောက်အောင် လုပ်ဆောင်နိုင်ပါသည်။ စက်ဘီးအား သူငယ်ချင်းထံမှ ရရှိလျှင်ပင် အသုံးမပြုမီ မှတ်ပုံတင်ခြင်းကို ပြောင်းလဲရန် သေချာ ဆောင်ရွက်ပါ။ ခိုးယူမှုမှ ကာကွယ်ရန်အတွက် သင့်စက်ဘီးကို မှတ်ပုံတင်ထားခြင်းမရှိပါက ရဲများ၏ တားဆီးသတိပေးခြင်းကို ခံရနိုင်ပါသည်။
အကယ်၍ ဖျားနာပါက သို့မဟုတ် ဒဏ်ရာရရှိပါက

ဂျပန်နိုင်ငံသို့ ပထမဆုံးရောက်ရှိချိန်တွင် နေထိုင်မှုဘဝအသစ်နှင့်လိုက်လျောညီထွေဖြစ်စေရန် နေထိုင်လျက် ကျန်းမာရေး ပြဿနာများ သို့မဟုတ် စိုးရိမ်ပူပန်မှုများ ကြုံတွေနိုင်ပါသည်။ အနည်းငယ်မျှ နေမကောင်းဖြစ်လျှင်ပင် ကျောင်းဆရာ/ ဆရာမ သို့မဟုတ် ဝန်ထမ်းများနှင့် ချက်ချင်းတိုင်ပင်ပါ။ နေမကောင်းဖြစ်ပါက သို့မဟုတ် ပြင်းထန်စွာ ဒဏ်ရာရရှိပြီး မလှုပ်ရှားနိုင်သော အခြေအနေ ကြုံတွေ့ပါက ၁၁၉ ကို ဖုန်းဆက်ပြီး လူနာတင်ယာဉ် တောင်းခံပါ။
မိုဘိုင်းဖုန်း・ဆင်းမ်ကတ်ဝယ်ယူခြင်း

ဂျပန်နိုင်ငံတွင် မိုဘိုင်းဖုန်းဝန်ဆောင်မှုကုမ္ပဏီအမျိုးမျိုးရှိပါသည်။
ဂျပန်နိုင်ငံသို့ရောက်ရှိပြီးနောက် မိုဘိုင်းဖုန်း သို့မဟုတ် ဆင်းမ်ကတ်ဝယ်ယူလိုပါက ကျောင်းနှင့် တိုင်ပင်ပါ။ နိုင်ငံခြားပညာသင် ကျောင်းသားများပင် အကြွေးယူစနစ်ဖြင့် မိုဘိုင်းဖုန်းများကို ဝယ်ယူနိုင်သည့် အထူးပြုဆိုင်များကို ကျွန်ုပ်တို့ မိတ်ဆက် ပေးလျက်ရှိပါသည်။ စာချုပ်ချုပ်ဆိုသည့်အခါ သင့်ပတ်စ်ပို့၊ နေထိုင်ခွင့်ကတ်၊ တံဆိပ်တုံးနှင့် ဘဏ်အကောင့်များ လိုအပ်ပါသည်။
