ဆက်သွယ်ရန်

 အဲလုအကယ်ဒမီကျောင်း

စာတိုက်အမှတ်- ၈၃၉-၀၈၆၃ ၊ ဖုကုအိုကစီရင်စု၊ ခုရုမဲမြို့၊ ခိုခုဘွန်းမြို့ငယ် ၂၀၂-၅

၀၉၄၂-၅၁-၂၅၀၀

၀၉၄၂-၈၀-၂၁၀၀

FAQ -မကြာခဏမေးလေ့ရှိသောမေးခွန်းများ

ကျောင်းဝင်ခွင့်အကြောင်းနှင့်စပ်လျဉ်း၍

ကျောင်းဝင်ခွင့်အတွက် မည်သည့်အရည်အချင်းများ လိုအပ်သနည်း။

ဂျပန်နိုင်ငံ၏ ၁၂ နှစ်တာ ကျောင်းပညာရေးနှင့်ညီမျှသော ပညာရေးသင်ရိုးညွှန်းတမ်းကို ပြီးမြောက်ထားသူဖြစ်ပြီး ဂျပန်ဘာသာစကားသင်တန်းကျောင်းတွင် ၁၅၀ နာရီထက်ပို၍ သင်ယူပြီးမြောက်ထားသူဖြစ်ရမည်။ ထို့ပြင် ဂျပန်ဘာသာစကားအရည်အချင်းစစ်စာမေးပွဲအဆင့် N5နှင့်ညီမျှသော သို့မဟုတ် ထို့ထက်ကျော်လွန်သော ဂျပန်ဘာသာ စကားကျွမ်းကျင်မှု ရှိရမည်ဖြစ်သည်။ အသေးစိတ်အချက်အလက်များအတွက် ဤနေရာတွင်ကြည့်ပါ (လျှောက်လွှာလိုအပ်ချက်များအတွက် လင့်ခ်)။

ကျောင်းဝင်ရောက်ခြင်းအတွက် အသက်အရွယ် သို့မဟုတ် နိုင်ငံသားဖြစ်မှုအပေါ် ကန့်သတ်ချက်များ ရှိပါသလား။

အသက် ၁၈ နှစ် သို့မဟုတ် ၁၈ နှစ်ကျော်ပြီးသူဖြစ်ရမည်။ သို့သော် ယေဘုယျအားဖြင့် အသက် ၁၈ နှစ် သို့မဟုတ် ၁၈ နှစ်အထက်ရှိသော်လည်း မကြာသေးမီက ပညာရေး အောင်မြင်မှုသည် လွန်ခဲ့သော ငါးနှစ်အတွင်း ဖြစ်ရမည်။ နိုင်ငံသားဖြစ်မှုနှင့်စပ်လျဉ်း၍ နိုင်ငံခြားနိုင်ငံသားဖြစ်ပါက ပြဿနာမရှိပါ။

ကျောင်းဝင်ခွင့်အတွက် စာမေးပွဲများရှိပါသလား။

ရှိပါသည်။ ရေးဖြေစာမေးပွဲနှင့် အင်တာဗျူးစာမေးပွဲများ ရှိပါသည်။ သို့သော် စိတ်မပူပါနှင့်၊ ကြိုတင်လေ့လာထားပါက ခက်ခဲမည်မဟုတ်ပါ။

ကျောင်းဝင်ခွင့်လျှောက်ထားခြင်းအတွက် ဝင်ခွင့်ရရှိရန် အချိန်မည်မျှကြာသနည်း။

ကျွန်ုပ်တို့၏ ကျောင်းမှ အရည်အချင်းပြည့်မီမှုလက်မှတ် (COE) အတွက် လျှောက်လွှာစာရွက်စာတမ်းများကို တင်သွင်းသည့်အချိန်မှ ထုတ်ပေးသည်အထိ ခန့်မှန်းခြေ နှစ်လခွဲခန့် ကြာမြင့်ပါသည်။ ၎င်းကို ထုတ်ပေးပြီးနောက် ကျောင်းသားများသည် ၎င်းတို့၏ နေရပ်နိုင်ငံရှိ ဂျပန်သံရုံးတွင် ဗီဇာလျှောက်ထားရန် လိုအပ်ပါသည်။ ဗီဇာထုတ်ပေးရန် တစ်ပတ်မှ နှစ်ပတ်ခန့် ကြာမြင့်ပါသည်။

ကျောင်းဝင်ခွင့်အတွက် ပယ်ချခြင်းခံရပါက ငွေပြန်အမ်းပါသလား။

လျှောက်လွှာကြေးနှင့် စာရင်းသွင်းကြေးကို မည်သည့်အခြေအနေတွင်မျှ ပြန်အမ်းမည်မဟုတ်ပါ။ ကျောင်းလခနှင့် အခြားငွေပေးချေမှုများကို ကျောင်း၏စည်းမျဉ်းများအရ ပြန်အမ်းပေးမည်ဖြစ်သော်လည်း ပြန်အမ်းငွေ ရာခိုင်နှုန်းမှာ သင်၏လျှောက်လွှာကို ရုပ်သိမ်းသည့်အချိန်ပေါ် မူတည်၍ ကွဲပြားလိမ့်မည်။

ကျောင်းနှင့်စပ်ဆက်သောကိစ္စရပ်များနှင့်စပ်လျဉ်း၍

ကျောင်းသားများသည် ကျောင်းသို့ မည်သို့သွားလာကြမည်နည်း။

ဘေးကင်းရန်နှင့် အဆင်ပြေစေရန်အတွက် ကျောင်းသားများသည် ကျောင်းသို့ လမ်းလျှောက်သွားလာကြသည်။ အဆောင်များသည် လမ်းလျှောက်သွားလာနိုင်သည့်အကွာအဝေးအတွင်းတွင် ရှိပါသည်။

ဆရာ၊ ဆရာမများသည် ဂျပန်လူမျိုးများဖြစ်ပါသလား။

မှန်ပါသည်။ ဆရာ၊ ဆရာမအားလုံးသည် ဂျပန်ဘာသာသင်ကြားရာတွင် အတွေ့အကြုံများစွာရှိသော ဂျပန်လူမျိုးများ ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ကျောင်းသားတစ်ဦးချင်းစီအတွက် ၎င်းတို့၏ ပညာရေးတွင်သာမက နေ့စဉ်ဘဝတွင်ပါ သင့်လျော်သော လမ်းညွှန်မှုများကို ပေးပါသည်။

သင်တန်းတွေကို ဂျပန်လို အပြည့်အဝ ပို့ချပါသလား။?

မှန်ပါသည်။ ဂျပန်ဘာသာစကားနဲ့ ကျင့်သားရစေရန်အတွက် စာသင်ချိန်များတွင် ဂျပန်ဘာသာနဲ့ သင်ကြားပို့ချ ပေးမည်ဖြစ်ပြီး ဂျပန်ဘာသာဖြင့်‌‌ရေးသားထားသောစာအုပ်များကိုသာ အသုံးပြုလျက်ရှိပါသည်။ ကျွန်ုပ်တို့ကျောင်းရှိ ဂျပန်ဆရာ၊ ဆရာမများသည် ကျောင်းသားများအားလုံးက နားလည်သည်အထိ ဂရုတစိုက် သင်ကြားပို့ချလျက်ရှိ သောကြောင့် စိတ်ချနိုင်ပါသည်။

ကျောင်း၌ အင်တာနက်အသုံးပြုနိုင်ပါသလား။

ရပါသည်။ ကျောင်းအတွင်း အင်တာနက်ချိတ်ဆက်မှု (Wi-Fi) ရှိပါသဖြင့် စိတ်ချနိုင်ပါသည်။ ထို့အပြင် စာကြည့်တိုက်တွင် ကျောင်းသားများ အသုံးပြုနိုင်ရန် ကွန်ပျူတာများ ထားရှိပေးထားပြီး ၎င်းတို့ကို အခမဲ့ အသုံးပြုနိုင်ပါသည်။

ကျောင်းသားများသည် ကျောင်းမှ ကျောင်းပြီးသည့်အချိန်(ဘွဲ့ရချိန်) တွင် ဂျပန်ဘာသာစကားကျွမ်းကျင်မှုအဆင့် မည်မျှရှိမည်နည်း။

ကျွန်ုပ်တို့ကျောင်း၏ သင်ရိုးညွှန်းတမ်းသည် ကျောင်းသားများအား ဂျပန်ဘာသာစကားကျွမ်းကျင်မှုစာမေးပွဲ (JLPT) ၏ N2 မှ N1 အဆင့်အထိ ရရှိစေရန် ရည်ရွယ်ပါသည်။ သို့သော် ဤအဆင့်များကို လူတိုင်းရရှိနိုင်မည်မဟုတ်သော်လည်း အရေးကြီးဆုံးအချက်မှာ ကျောင်းသားတစ်ဦးချင်းစီ၏ ကြိုးစားအားထုတ်မှုဖြစ်သည်။ သင့်ရည်မှန်းချက်များအောင်မြင်ရန် အကောင်းဆုံးပံ့ပိုးပေးလျက်ရှိပါသည်။

နေ့စဉ်ဘဝနှင့်စပ်လျဉ်း၍

ဂျပန်နိုင်ငံသို့ လာမည်ဆိုပါက မည်သို့သောအဝတ်အစားမျိုး ယူဆောင်လာသင့်ပါသလဲ။

ဂျပန်နိုင်ငံတွင် ရာသီဥတုလေးမျိုး (နွေဦး၊ နွေရာသီ၊ ဆောင်းဦးနဲ့ ဆောင်းရာသီ) ရှိပြီး နွေရာသီနဲ့ ဆောင်းရာသီ ကြားတွင် အပူချိန် ၃၀ ဒီဂရီကျော် ကွာခြားပါတယ်။
ဧပြီလနဲ့ အောက်တိုဘာလများသည် အကြမ်းအားဖြင့် ရာသီဥတု တူညီပါသည်။
ရှပ်အင်္ကျီလက်တိုနှင့် ပေါ့ပါးသောဂျာကင်အင်္ကျီစသည်တို့ အဆင်ပြေပါသည်။ နေ့စဉ်အတွက် သင့်လျော်သော အဝတ်အစားများအကြောင်း ဤနေရာတွင် ရှာဖွေနိုင်ပါသည်။

ခုရုမဲမြို့တွင် ရာသီဥတုအခြေအနေအား ပြောပြပါ။

ကျွန်ုပ်တို့ကျောင်းတည်ရှိရာ ခုရုမဲမြို့တွင် ရာသီအလိုက် ပျမ်းမျှအပူချိန်များမှာ အောက်ပါအတိုင်းဖြစ်သည်။
နွေဦးရာသီ (မတ်လမှ မေလအထိ): ပျမ်းမျှအပူချိန် ၁၅.၁°C တိတ်ဆိတ်ငြိမ်သက်ပြီး နေသာသောနေ့ များစွာရှိသောကြောင့် နေထိုင်ရန်သင့်တော်သောမြို့တစ်မြို့ဖြစ်သည်။
နွေရာသီ (ဇွန်လမှ ဩဂုတ်လအထိ): ပျမ်းမျှအပူချိန် ၂၆.၃°C မိုးရာသီဟုခေါ်သော မိုးရွာသွန်းသောကာလမှာ တစ်လခန့်ကြာမြင့်ပြီး ပြီးဆုံးသွားသည်နှင့် နေသာသောနေ့ရက်များ ဆက်လက်ဖြစ်‌တည်လျက်ရှိပါသည်။ အပူချိန်များသည် တစ်ခါတစ်ရံ ၃၅°C ထက်ကျော်လွန်သည်။

ဆောင်းဦးရာသီ (စက်တင်ဘာမှ နိုဝင်ဘာလအထိ): ပျမ်းမျှအပူချိန် ၁၈.၉°C နေသာသောနေ့နှင့် မိုးရွာသောနေ့သည် အလှည့်ကျဖြစ်တည်လျက်ရှိသည်။ နွေရာသီ၏ အပူရှိန်သည် ခဏတာ ဆက်လက် တည်ရှိနေသော်လည်း အောက်တိုဘာလနှောင်းပိုင်းမှစ၍ အပူချိန်များသည် တဖြည်းဖြည်းကျဆင်းသွားသည်။
ဆောင်းရာသီ (ဒီဇင်ဘာလမှ ဖေဖော်ဝါရီလအထိ): ပျမ်းမျှအပူချိန် ၆.၇°C နေသာသောနေ့ရက်များစွာရှိသော်လည်း တစ်ခါတစ်ရံတွင် နှင်းများကျသည်။ နံနက်ပိုင်းနှင့် ညနေပိုင်းများတွင် အပူချိန်များသည် ရေခဲမှတ်အောက်သို့ ကျဆင်းနိုင်သည်။

ဂျပန်နိုင်ငံရှိ နေထိုင်စရိတ်များအကြောင်း ရှင်းပြပေးပါ။

လူတစ်ဦးနှင့်တစ်ဦး မတူညီသော်လည်း ကျောင်းလခပါဝင်ခြင်းမရှိဘဲ စားသောက်စရိတ်မှာ ယန်း ၁၅,၀၀၀ မှ ၃၀,၀၀၀ အထိရှိပြီး၊ သုံးစွဲမှုကုန်ကျစရိတ် (ရေဖိုး၊ လျှပ်စစ်ဖိုး၊ ဂတ်စ်ဖိုးစသည်) စုစုပေါင်း ယန်း ၁၀,၀၀၀၊ ဖုန်းဘေလ် ယန်း ၅,၀၀၀ နှင့် အထွေထွေကုန်ကျစရိတ် ယန်း ၅,၀၀၀၊ စုစုပေါင်း ယန်း ၅၀,၀၀၀ ခန့်ဖြစ်သည်။

အဆောင်များတွင် အစားအစာများ ထောက်ပံ့ပေးမှုရှိပါသလား။

ကျောင်းမှ ထားရှိပေးသော ကျောင်းဆောင်များတွင် အစားအစာထောက်ပံ့မှုမရှိပါ။ ကျောင်းသားများသည် အစားအစာ များကို ကိုယ်တိုင်ချက်ပြုတ်ရန်၊ အပြင်ထွက်စားရန် သို့မဟုတ် ထမင်းဘူးများကို ကိုယ်တိုင်ဝယ်ယူရန် လိုအပ် ပါသည်။ အဆောင်များအနီးတွင် စူပါမားကတ်များနှင့် ကွန်ဗီနီးရန့်စတိုးဆိုင်များရှိသောကြောင့် ဈေးဝယ်ရာတွင် အခက်အခဲမရှိနိုင်ပါ။